This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 16, 2013

******* မှန် *******

******* မှန် *******

တံခါးကို ဖွင့် ၊ အပြုံး ပွင့်နှင့်

ဝင့်ဝင့်ကြွားကြွား

သူ……လှမ်းသွားပြီ။

ဘုံမြင့်ထက်စံ၊ ကညာ ရံ၍

မိုးယံထိလင်း ရနံ့သင်းသင်း

အလှဆင်းကြွယ် ၊ ကောင်းခြင်းဖျာလျှက်

မြင့်မြင့်မြတ်မြတ်၊ပြိုးပြိုးပြက်ပြက်

ဘုန်းမီးထက်စွာ ဝတိံဘုံထက်

သူ……စံစားပြီ။

ဟော…ကြည့်ပါလေ

ပူရချည့် သေရချည့်

နာရချည့်ဟု ငြီးငြူသံဖျဉ်း

ထိရှပြင်းရှ ညံ့ဖျင်းဘုံဝယ်

အော်သံငိုသံ သွေးစို့နီမြန်း

စီရီနေကာ ငရဲခန်းတွင်း

"ကံ" ကံ ၏ အကျိုး

သူ……ခံရပြီ။

မြင်ကြည့်ပါကွဲ့……

ခွဲခွဲခြားခြား ကွဲကွဲပြားပြား

စိတ်များမြောင်နှင့်

ဝေဖန်ဆန်းစစ် သုံးသပ်ပါလေ

အတွေးလှစ်ဟာ မလစ်လပ်အောင်

ကောင်းမှု့ဆောင်ကြဉ်း ထင်ယောင်မမှား

ထိုထိုကုသိုလ် အကုသိုလ်ဟု

ဘုရားဟောကြား တရားမြတ်ကို

အယူမလွဲ သံမှိုစွဲလျှက်

နှလုံးသွင်းကာ မှားယွင်းအမှု့

ရှောင်ဖယ်မှသာ လားရာကောင်းမည်။

မြတ်နိဗ္ဗာန်ဆီ မှန်းရည်ကြသည်။

@ ကြိုးမဲ့ ဂစ်တာ @

''မင်္ဂလာပါ သူငယ်ချင်းတို"့

''မင်္ဂလာပါ သူငယ်ချင်းတို"့

သာသာယာယာ ဝေဆာအလင်း

ရနံ့သင်းသည့် နံနက်ခင်း။

အလုပ်ကိုယ်စီ ၊ သီသီတန်းတန်း

မြန်းကြလေပြီ လန်းလို့နေပြီ။

ရောင်နီလင်းလို့ ဆန်းလှလေပြီ။

တာဝန်တစ်နိုင် ဝမ်းကိုခိုင်ရေး

ရင်ဆိုင်လေဖို့ အာရုဏ်အလင်း

သက်ဆင်းလေလို့ တက်ကြွနေပြီ။

ဇွဲနှင့်မာန်သီ စီရီအပြုံး

သက်ဆုံးမကုန် ဝေဝေဆာဆာ

ပျုပျုငှာငှာ တပ်ကာဆင်၍

မြင်မြင်တိုင်းတင့် လှမာန်ဝင့်ကာ

ခွန်းဆင့်နှုတ်ဆက် ယှက်ကာသန်းလှ

နေမြန်းလေလို့ အားမာန်ဖြိုးပြီ။

လေလတ်ဆတ်တာမို့ စိတ်လန်းလေပြီ။

@ကြိုးမဲ့ ဂစ်တာ @

အချစ်=အခြစ်


အချစ်=အခြစ်
 ယပင့်ယရစ် တူယှဉ်ယစ်မူး

အချစ်ဆူးထိုး နှလုံးစူးကာ

မနာမကြင် အမြဲဆင်သ

ဒီဆူးလေးကို စွဲလေသည် ။

စွဲစွဲမူးမူး ရူးရူးနှမ်းနှမ်း

ခမ်းခမ်းနားနား ဆွေးမြေ့ပုံဆင့်

ကျွမ်းရင့်ခြယ်မှုန်း လွှမ်းရစ်ပြုန်းလို့

နှလုံးဈာပနာ အသာအရာချခဲ့သည်။

ယောင်ယမ်းတမ်းတ စမ်းတဝါးဝါး

ဝိညာဉ်လွှာလဲ မြေလှန်ပင့်ချီ

လေကျီစားရာ လိုက်တော့သည်။

ကြိုးမဲ့ဂစ်တာ

ရှိုက်သံ

ရှိုက်သံ

ခပ်ရေးရေး ပါဘဲ

လေနှင်၇ာမျောလွင့်နေတဲ့

တိမ်လွှာတွေရဲ့ကြားက

ဝင့်ထယ်စွာ ပြုံးပြနေတဲ့လမင်း

ညထက် အတွေးတွေကပိုနက်

အချစ်ဆိုတာဓားသွားပေါ်က

ပျား၇ည်စက်တဲ့

ချိုမြန်တဲ့အရသာအတွက်

အသားငမ်းငမ်းဝါးမျိုခဲ့တဲ့..........ငါ

ဒီညအတွက်တော့

အနေအထိုင်မတတ်တဲ့အတွေးတွေနဲ့

ကြယ်စင်တွေကိုရေတွက်ရင်း

မိုးလင်းခဲ့၇ပြီကောင်မလေး၇ယ်

သက်ေ၇ာက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိနေခဲ့၇င်

ငါတို့နှစ်ရောက်ရဲ့သက်ရောက်မှုကို

ငါသိခွင့်ရှိချင်တယ်

ဒီမို၇င်တွင်းဖြစ်

````` စာမမှီတဲ့ အဖေ့ကျေးဇူး ´´´´´

````` စာမမှီတဲ့ အဖေ့ကျေးဇူး ´´´´´


ကျွေးမွေးပဲ့ပြင် ၊ ဆုံးမသင်၍

အဆင်တန်ဆာ ၊ မနွမ်းရအောင်

အမြဲဆောင်ကျဉ်း ၊ ယဉ်ကျေးလိမ်မာ

ချိုသာစကား ၊ ပျံ့လွင့်စေရန်

ဆိုဆုံးမတာ ဒို့ဖေဖေ……


ပန်းပျိုးလက်ရှင် ၊ ယုယကြင်သည်

ဥယျာဉ်အတွင်း ၊ မွှေးပျံ့သင်း၍

အဆင်းလှဆန်း ၊ ရောင်စုံပန်းတို့

တင့်လျှမ်းဝေဝေ ၊ ဖူးပွင့်စေပြီး

မကြွေလန်းဆန်း ၊ ရေထိပန်းသို့

ပွင့်လန်းစေရန် ၊ ပန်းမခြွေဘဲ

စဉ်လေစိုက်ပျိုး ၊ ပန်းမချိုးသို့

ရေလောင်းပေါင်းသင် ၊ အလှဆင်ရေး

အစဉ်တွေးတော ဥယျာဉ်မှုးကဲ့

ပြုစုရှာသူ ဒို့ဖေဖေ………


အရိပ်ကိုလှုံစေ ၊ ကိုင်းကိုရုံစေ

မိုးလေမတိုး ၊ နေမထိရန်

ဆန့်တန်းအကြင်နာ ၊ ကရုဏာထား

မိုးအုပ်ပေးသူ ဒို့ဖေဖေ………


မရှိဝမ်းဆာ ၊ ရှိတန်ဆာဖြင့်

ပညာသိုမှီး ၊ ဆီမီးထွန်ရောင်

ထွန်းပြောင်စေသည် ၊ သားငယ်အပြုံး

နှစ်ခြိုက်မက်မော ၊ ဘဝတော၌

မကြောက်အားမာန် ၊ ဘဝဂ်ညံကာ

ဘဝတိုက်ပွဲ ဆင်နွှဲလေသူ

ဒို့ဖေဖေ………


ခန္ဓာကကျွမ်း ၊ ရော်ကာနွမ်းလည်း

လန်းဆန်းတက်ကြွ ၊ အပြုံးပြခဲ့

သားသမီးအတွက် ၊ ရှေ့ထွက်ဦးဆောင်

ကြမ်းကြမ်းတမ်းတမ်း ၊ လောကဓံထက်

မေတ္တာခံ၍ ၊ ဇွဲလုံ့လရံ

မိုးထက်ညံတဲ့ အားမာန်သွင်း၍

မယွင်းသုခ သားသမီးအတွက်

ပေးရှာလေသူ ဒို့ဖေဖေ……


များလှကျေးဇူး ၊ ဂုဏ်အထူးကို

သီကျူးဖွင့်ဟ ၊ နှိုင်းယှဉ်ရလျှင်

ဘဒ္ဒကမ္ဘာ ၊ ဤမြေလွှာလည်း

ခြေမှာကပ်ရုံ ၊ သဲတစ်မှုန်သာ

မြင့်ခေါင်ထီးထီး ၊ မြင်းမိုရ်ဦးလည်း

ဆီးစေ့မျှသာ ၊ လက်တောက်စာပင်

စကြဝဠာ ၊ ယူဇနာလည်း

များစွာမကျယ် ၊ လက်ဝါးငယ်တည့်

ဖွယ်ဖွယ်စုစု ၊ ရုပ်ဝတ္ထုနှင့်

အဖေ့ကျေးဇူး ၊ နှိုင်းမမှီပြီ ……


အဖေ့ကျေးဇူး ၊ ဂုဏ်အင်ထူးကို

ဖူးကာဆင်သည် ၊ စပ်ကာဆိုလည်း

နှိုင်းတုမမှီ ၊ စီစီရီရီ

ကာရန်ညီလည်း ၊ ဖွဲ့မဆုံးပြီ

နှိုင်းဆမဲ့ကင်း ၊ကြီးမြတ်ခြင်းက

ရင်တွင်းစိမ့်စိမ့် ၊ တသိမ့်သိမ့်နှင့်

ဖိန့်ဖိန့်တုန်ထိ ၊ လေးစားမိခဲ့

ဖေ့ဖေ့ကျေးဇူး ၊ သက်ရှိမမေ့

သားငယ် လက်ဆယ်ဖြာမိုး

မျှော်ဖူးဦးနှိမ် ၊ ဦးထိပ်တင်၍

ဤကဗျာနှင့် ကန်တော့အပ်ပြီ ။


@ကြိုးမဲ့ ဂစ်တာ@

ကဗျာဆရာ

 
ကျွန်တော်ဟာ

ကွေ့ကောက်တာကို တစိမ့်စိမ့်မုန်းပြီး

ဖြောင့်မတ်တာကို တစ်ဖက်သတ်ချစ်နေသူ.........

ကျွန်တော်ဟာ

ဝမ်းနည်းစရာကို လှိုက်လှိုက်လှဲလှဲရယ်မောတတ်ပြီး

ရယ်မောစရာကို တသသဝမ်းနည်းတတ်သူ....

ကျွန်တော်ဟာ

အမှန်တရားကို စွဲစွဲလမ်းလမ်းမြတ်နိုးပြီး

မမှန်မတာတွေကို ရှုတ်ချမျက်မုန်းကျိုးသူ........

မေမေ.......ရေ

ကျွှန်တော့်ကို ဆီလျော်အောင် ဘာသာပြန်ပေးပါ

မေမေဘာသာပြန်ပေးလိုက်တာက

"ကဗျာဆရာ"

မိုးးးသားးးလင်းးးလက်

ခရမ်းရောင်မုတ်သုန်


ခရမ်းရောင်မုတ်သုန်
 
အဝေးကြီးမှာကျန်ခဲ့ပေမယ့် ခုထိ

သင်းသင်းလေး မွှေးမြနေတုန်း


ကျကွဲသွားတဲ့ မျှော်လင့်ချက်

အချစ်နဲ့ အလွမ်းက

လူစင်စစ်က ကဗျာဖြစ်သွားစေခဲ့

ဝိုင်းကျူရှင်မလိုဘူး

သင်ထောက်ကူပစ္စည်းမလိုဘူး

စုတ်ပြတ်နေတဲ့ငါ့နှလုံးသားနဲ့

ပြုတ်ထွက်နေတဲ့အတိတ်ခါးခါး

တခွက်သာလိုအပ်တယ်

ဘယ်ဘက်ကစူးစူး

ညာဘက်ကစူးစူး

အရိုးကွဲအောင်ရူးခဲ့ပါတယ်

လင်းလက်လုလင်

မိုးတွေနဲ့အတူ


အဲ့ဒီ ညနေခင်းက မိုးတွေအပြိုင်းအရိုင်း ရွာခဲ့ပါတယ်

လျှောက်နေကျလမ်းဟောင်းလေး မိုးတွေစိုနေတဲ့အခါ


ငါ့နှလုံးသားကလည်းစိုစိုရွဲ
လို့

တစ်ကယ်ဆို..........

ဟော့ဒီလူနှစ်ကြား နံရံတွေခြားသွားဖို့ဆိုတာ

ဘယ်သူမှ တွေးမိကြမှာမဟုတ်ဘူးးးး

ဒါပေမယ့် တစ်ချို့ဖြစ်စဉ်တွေက

ပုံပြင်ထက်ဆန်းတယ်......

အနာဂတ်ကို လှလှပပစာစီနေတုန်း

မျှော်လင့်ချက် မိုးတိမ်တွေလို ရှုံးနိမ့်ပြိုကျ

ဒါနဲ့ပဲ.....

နောက်ဆုံးလက်ကျန် အသက်ငွေ့ငွေ့လေးနဲ့

ငါမှာ မိုးစက်တွေကို ငေးနေခဲ့ရတယ်

မထူးပါဘူး..........

မိုးရေတွေကြားထဲ လွမ်းခွဲကြရတဲ့အခါ

ချန်ခဲ့သူရော ကျန်ခဲ့သူပါ စက်စက်ကျရွဲနစ်လို့.......

မိုးးသားးးလင်းးလက်

မျက်ရည်ညည်းသံ


မျက်ရည်ညည်းသံ
 
မျက်ရည်ဧည့်သည်တို့ ရေ
ကြွေလွင့်လိုက်  ဝေပွင့်လိုက်နဲ့ အရက်ရက် အစက်အစက်
ကွက်လပ်တွေ ကိုခွါခွါချ  ဟာကွက်တွေအဖြစ် ငဒို့ ကပဲ သနားတတ်လို့လား
အိပ်ပျက်ညတွေကြားထဲ ပွင့်ထွက်ကြွေကျ
အဖြေညှိရင်းနဲ့ ရင်ထဲ ထိ ပွန်းပဲထိရှတယ်
အညှာမခိုင်တဲ့ မျက်ရည်တွေတော့အပြစ်မတင်ပါနဲ့
ကိုးကွယ်မှု့တိုင်းဟာ ယုံကြည်ရာအမှန်တရားပဲလေ
လွတ်လပ်ခွင့်တွေနဲ့ တည်ဆောက်ခွင့်ရှိတဲ့ ကောင်းကင်ပြာကြီးပါ
အလွှာတွေခွါချပစ်ဖို့
သူရို့  .... မသိချင်ယောင်ယောင်ခဲ့ကြတယ်ထင်ပါ့
မကြင်ရတဲ့သူချည်းပဲဆိုပြီးတော့ အရာရာ လက်လွတ်စပယ်လုပ်ကြ
စိတ်ပျက်ဖွယ်သတင်းဆိုးတွေကို ခဏခဏ ကြားရ မြင်ရ
လူသတ်ပွဲတွေကျင်းပကြ  .. လူညစ်ပွဲတွေကျင်းပကြ ... မဆင်မခြင်ပွဲတွေကျင်းပကြ
အသံကောင်းဟစ်ပွဲတွေကျင်းပကြ ... အကြံမဲ့စစ်ပွဲတွေကျင်းပကြ ...
ရောင်းစားပွဲတွေကျင်းပကြ ... အဟောင်းစားပွဲတွေကျင်းပကြ ... ပြီးတော့ ခေါင်းစားကြ
အခေါင်းဝမှာ မျှော်လင့်နေတဲ့ အနီရောင်ဝိညာဉ် မင်းတို့လဲ ခရီးထွက်တာစောလွန်းတယ်
ငါ့အထင် မင်းတို့ မြေဇာပင်ရိုင်းလေးတွေအဖြစ် သတ်မှတ်ခံရတယ်ထင်ပါရဲ့ကွာ
တကယ်တော့ မင်းတို့ ခန္ဓာ ကိုယ်မှာ သလင်းရနံ့တွေသင်းနေတာပါကွာ ဒါတောင်
လူမဆန် လိုက်တာ တိရစ္ဆာန်စိတ်ဓာတ် နဲ့ ဖွဲ့စည်းထားတဲ့ အကာအရံတစ်ခုအောက်
မိသားစုတွေ  ကြင်ရသူတွေ လောက်လောက်လားလား အပြုံးတွေနဲ့ ဆွဲငင်ဖို့ ချွေးမျက်နှာတွေနဲ့
အလုပ်လုပ်နေခဲ့ကြတာပါကွာ မိသားစုဝင်တွေ တစ်လှေတည်းသားတွေ တစ်မြေတည်းသားတွေ
မင်းတို့နဲ့ အတူ စိုးရိမ်ပူပန်နေကြတယ်ဆိုတာ မင်းတို့သိပေးပါ
အကြောင်းမလှလို့ အခေါင်းဝမှတစ်နေတဲ့သူတွေလဲ အမျှဝေပါတယ်
အကြောင်းမလှလို့ ဗူးဝမှာ ဒူးချထားရတဲ့ ရွှေတွေအတွက်လဲ မေတ္တာပို့ပါတယ်
အကြောင်းမလှလို့ ပြောင်းမရ သေးတဲ့ ရွှေတွေအတွက်လဲ အငိုတွေကင်းပါစေလို့ ဆုမွန်ချွေပါတယ်
အခြေမလှလို့ နေမရတဲ့ ရွှေတွေအတွက် အပြုံးမျက်နှာတွေနဲ့ ကမ်းလက်အဖြူတွေနဲ့ လှမ်းနေပါတယ်
အခြေမလှလို့ နေရတဲ့ ရွှေတွေအတွက် သတိတရား ရင်မှာပိုက်လို့ နေစေချင်ပါတယ်
စိတ်မကောင်းပေမယ့် နေကြရတာ ကိုယ်ပိုင်နေရာတွေမှမဟုတ်တာ
ဘာပဲဖြစ်ဖြစ် ထပ်တူ ကျတဲ့နေစွဲ အလှတွေပိုင်ဆိုင်ပါစေဗျာ


             
                                                                            မောင်ရေခဲ

" ကြာ ပန်း စ ကား မ ပြော ဘူး ကျ ပန်း တွေ ပဲ ပြော မယ် "

" ကြာ ပန်း စ ကား မ ပြော ဘူး ကျ ပန်း တွေ ပဲ ပြော မယ် "

မ ညီ မျှ တဲ့ ချိန် ခွင် လျှာ ထဲ မှာ

ကိုယ့် ဒု က္ခ တွေ ကို ဖဲ့ ဖဲ့ ထည့် မယ်

ငယ် ဘ ဝ ရဲ့ အ င်္ကျီ ကို

ဝတ် ဆင် လို စိတ် နဲ့

အိပ် မော ကျ နေ ရ တဲ့ ဘ ဝ ကို

ပက် လက် အ နေ အ ထား နဲ့ ပြန် ခွပ် မယ်

ကိုယ့် ကို အ ဝါ ကဒ် ပြ လိုက် တဲ့

လော က ဓံ ကြီး ရေ

ခင် ဗျား ရှေ့  မှာ ပဲ

ယဉ် ကျေး မှု အ ရ

ဒီ က ဗျာ နဲ့ တံ တွေး ထွေး ခဲ့ လိုက် ပါ တယ်

သက် ငြိမ်

" မိုး ပြေး တိမ် "

ငါ့ ရင် ဘတ် ကို အပ် ချည် ကြိုး လေး နဲ့

ဆွဲ ဆွဲ ပြီး ခေါ် နေ တယ်

ပြေ ပြေ ပြစ် ပြစ် တောင် ကုန်း က လေး ...

ဘယ် က လဲ , ဘယ် သူ လဲ

နင့် လက် ထဲ က စာ ရွက် တွေ လွှင့် ပစ် လိုက် လို့

ပြော နေ တာ ဘယ် သူ လဲ ...

ငါ လက် ထဲ က စာ ရွက် ကို လွှတ် ပစ် လိုက် ရင်

အပ် ချည် ကြိုး လေး ပြတ် သွား မှာ ပေါ့ ...

စ န္ဒ ယား ခ လုတ် တွေ ရွ ရွ လေး ထိ ခိုက်

ပိုး ချည် ကြိုး လေး ကို ဖြေး ဖြေး ချင်း ပွတ် တိုက်

မိတ် ဖက် သံ ပြေ မှု မှာ နှုတ် ခမ်း တွေ တုန် ခါ

မျော လွင့် မှု ထဲ က မျော လွင့် မှု ကို တွေ့ တယ်

မျော လွင့် မှု ထဲ က တိတ် ဆိတ် ခြင်း ကို ရ တယ်

မျော လွင့် မှု ထဲ မှာ မျော လွင့် မှု စ ကြ ဝ ဠာ ...

သက် ငြိမ်

အချိန်လွန်ငှက်

အမေဆိုတာ
မျော်လင့်ချက်တွေကို
အရောင်မစွန်းစေတဲ့ သူ
သူ့ နှလုံးသွေးနဲ့ 
ဇီဝကိုရှင်သန်စေခဲ့ 
ငါတို့ ရဲ့ အနာဂတ်တွေလှပစေဖို့ 
သူ့ ချွေးတစ်စက်က
မြင့် မိုရ်တောင်မကကြီးမြတ်လှပါရဲ့ 
သားရေ...........
အိမ်ကိုစောစောပြန်ခဲ့ ကွယ့် 
မင်းပြန်မလာမချင်းအမေအိပ်လို့ မပျော်ဘူး
အပြင်မှာမိုးတွေအရမ်းရွာနေတယ်အေ
အခုဆိုရင်သာအိမ်ပြန်ရောက်ပြီ
ဘယ်သူတံခါလာဖွင့် ပေးမှာလဲမေမေ
အမေ့ ရဲ့ သင်ရိုးညွှန်းတွေထဲက
လိမ်မာစမ်းပါသာရယ်(ရေ)ဆိုတဲ့ 
စကာသံတွေပဲ့ တင်ထပ်လို့ 
အထပ်ထပ်အမှားတွေနဲ့ ကြီးပြင်ခဲ့ တဲ့ ကျွန်တော်
အမေလို့ လှိက်လှိက်လှဲလှဲခေါ်လိုက်တဲ့ အချိန်
ခေါ်သံတွေဟိုကောင်ကင်ယံမှာပြန့် နှံ့ 
မြေဆီလွှားတွေကြားမှာစိမ့်ဝင်သွားပေမဲ့ 
သား.............
အဲဒီလိုအမေ့ရဲ့ တိုးလျမြည်သံစွဲနဲ့ အတူ
ပီတိဖျာဝေနေတဲ့ အ မေ့ ရဲ့ မျက်ဝန်းက
မျက်၇ည်(ရေ)စတွေသွေ့ ချောက်နေခဲ့ ပြီ
ဒီမို

ခံစားရလွန်းလို့

 ခံစားရလွန်းလို့
( ၁ )
ခံစားရလွန်းလို့
သူမမြင်ရာသဝန်တို
သူ့ ရှေ့ဆိုငုတ်တုတ်မေ့
ရင်ငွေ့တွေတောင်အေးစက်
တဝက်တပြက်စကားတွေ
ရင်ဝ မှာမြို မြို ချရတယ်
မလွယ်လိုက်တာကွယ် 


( ၂ )
ခံစားရလွန်းလို့
ခစားနေကြဒီချိန်
သခင်ကိုမမြင်ရရင်
ရင်မငြိမ်လှ
စိန် မရ  ၊ မြ မလိုချင်
ဒီရင် မှာသူ့ကိုခင်သည်
နေညိုချိန် ပ
  ။

( ၃ )
ခံစားရလွန်းလို့
သခင့်ကျွန်းမှာဖြင့်
ထွန်းလင်းတယ် လရွှေရောင်
အမှောင် မှောင်သူခွင်း
ရင်ချင်းတိုင်းမင်းမူတယ်
တို - ရက်ဘူးကွယ်
ရွှေစိတ်တော်ညိုးမှဖြင့်
ပျော်ရွှင်ဖွယ်ဒီရက်
သောကတွေတပုံတပင်နဲ့
ကတုန်ကယင်ညဥ့်နက်နေပါ့မယ်
  ။

( ၄ )
ခံစားရလွန်းလို့
အဝေးကြီးဝေးခဲ့ သုံး နဲ့ လေးလို
ငို မရ ၊ ရယ်မရ
ဆယ်ကမ္ဘာ ဆယ်ည
ရင်မျက်ရည် တဖွားဖွားကျ
တားမရ ၊ ဆီးမရ
ငြီးချင်းတွေ တောင်လက်တန်းရပေါ့
ကံကြမ္မာကိုပြန်ကျော့မယ့်နေ့ 


( ၅ )
ခံစားရလွန်းလို့
နေမင်း နဲ့ လမင်း
အပြိုင် ပြိုင် ထွန်းလင်းကြ
ချစ်ခြင်းတွေအတူလှစ်ပြ ခယ ဝပ်ဆင်း
ငါ ဟာနေမင်းပေါ့
နင့်ရှေ့ကို ဒူးထောက်  ချစ်
ငါ့ ညတိုင်း  နင့်နေ့ဖြစ်
ရက် ( ၃၀ ) မှာတစ်ခါပြုံးပြ
ရုန်းမရတဲ့အဖြစ်သနစ်
ငါ့ကိုယ်ကိုရုန်းရင်းဆံခတ်ဖြစ်တယ်
  ။

( ၆ )
ခံစားရလွန်းလို့
အကြွေပန်းတဲ့
နေနမ်းရင်ခြောက်သွေ့
ရက်စေ့ရင်အိမ်ပြန်ရမှာပဲလေ
မပြန်ခင်တဝေဝေဖြစ်ဖို့
ပန်းရောင်တို့ရစ်ချီ
အသစ်အသစ်တွေဆီသို့
မင်းကိုပို့ချင်ရဲ့
ဦးနှောက်တို့ညစ်ဆဲမှာ
ငါ့ ဘက်ကမှားတာပါလို့ မညည်းစေချင်
တကယ်တော့
မင်းကို ရွှင်ပြစေချင်တာပါပဲ 


( ရ )
ခံစားရလွန်းလို့
တတွေတွေကျမျက်ရည်ဝေ
အလွမ်းသက်သေဆိုတာသိရဲ့
ကမ်းမရှိ ၊ လမ်းမမြင်တုန်း
ငါ့ ပခုံးကို ကမ်းပေးချင်ရဲ့
ပျော်ရွှင်နေတဲ့အချိန်
ပခုံး ထက်မှာ     မေးတင်
ကောင်းကင်မှာ - က - ကြိုးဆင်ပေါ့
သောက နဲ့ ဖြတ်သန်း ခရီးကြမ်းခဲ့ရင်
ပခုံး မှာ မျက်နှာအပ်
အမောတွေ သတ်ပစ်နိုင်တယ်
ပခုံးငှါးတယ်ကွယ်
နှလုံးသားမရပ်သရွေ့ပေါ့
  ။

( ဂ )
ခံစားရလွန်းလို့
ဆောင်းနှင်းကြွေတဲ့ချစ်နယ်မြေ
အဟောင်းတွေ အသစ်ပြန်ဖြစ်
သစ်ပုတ်ပင်ကြီး နဲ့ အတူတူပေါ့
ကလူ ကျီးစယ်ခဲ့ကြ
အတူရယ်မောခဲ့ရ
အတိတ်ဖလင်တွေ တစ်ခန်းပြီး တစ်ခန်းကျ
လွမ်းရ ဆွေးရ
အဲဒီမြစ် ထဲ စီးမြောတုန်း ခဏ
အချစ်ပီ သ ခဲ့ပေါ့ 


( ၉ )
ခံစားရလွန်းလို့
နှောင်းအတိတ်ရဲ့ လူခြေကင်း ညနေခင်း
အလင်းတွေရဲ့ ကြက်ခြေခတ်နေ့စွဲ
အလွဲဆိုတာ ဖိတ်ခေါ်မဲ ဧည့်သည်
ကြယ်တာရာတွေခေါ်ပြီးခမည်းပေးလိုက်ချင်တယ်
ရင်လွှာတွေမတိုက်စားစေဖို့
ရေကာတာလိုအရာမျိုးရှိရင်လဲကောင်းမယ်
ရွာသူ ကဝေကို ခေါစာကြွေး
လွတ်မြောက်ရေးလုပ်လို့ရရင်လဲအဆင်ပြေမယ်
ဒီလိုဆို
ကံကြမ္မာ ဆင်ခြေမတက်တော့ဘူးပေါ့ 


( ၁ဝ )
ခံစားရလွန်းလို့
ယွန်းယွန်းသွားတဲ့ ခြေလှည့်နေခြည်က
ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စစ်သုံပန့်လို
နောက်တစ်ရက် ......
နောက်တစ်ရက် .....
လွတ်မြောက်ဖို့ ခက်ခက်လာတယ်
တကယ်တော့
လ တစ်စင်းရဲ့အကျဉ်းခံဖြစ်သွားတာပ
စိတ်လျှော့ ဒူးထောက်လိုက်ရ
ငါ့ကို သမိုင်းမတင်ကြရင်အကောင်းသား
နောက်လူတွေအတုခိုးမှာစိုးလို့ပါ 


( ၁၁ )
ခံစားရလွန်းလို့
နေညိုပန်းချီကားရဲ့ ရွှေအိုရောင်လွှမ်းတဲ့ ညောင်ညိုစခန်း
မျက်ခမ်းနဲ့ရစ်ယူ စစ်မူပစ်လိုက်ချင်တယ်
တပ်သားတို့တပ်မခေါက်ရင်ပေါ့
အတွေးတွေနောက်ကန်နေတဲ့ ငတို့ ခေတ်က
အရောင်ညစ်ညစ်တွေလှလှချယ်
ရယ်ကြည့်ချင်တာတောင် မလွယ်မှတော့
အတွယ်အတာမဲ့တတ်လာတာလဲ
သဘာဝကပေးတဲ့ဆုတစ်ခုလိုဖြစ်
ငါတိုးဝင်မိတာသဘာဝကျပါတယ်လေ
   ။

( ၁၂ )
ခံစားရလွန်းလို့
သူဖို့ ကိုယ့်ဖို့ဆိုတာ
ချိန်ခွင်လျှာ တစ်ဖက်ညွှန်ပေါ့
ရက်ရောခဲ့ ဒီရင်မှာ
အသွင်မှာမညီသော်လည်း
အသဲ မှာ သူမျက်နှာတံဆိပ်
ခပ်ခဲ့သည်ပဲ
အပြစ်တွေဘယ်လိုရှိရှိ
အချစ်တွေဘယ်လိုပစ်ပစ်
မမြင်ရက်သူ့ဘက်ကို
ပြစ်ပြောနဲ့ဆို
ကံကြမ္မာသူငြိုးရက်မှ
မပြန်သာလမ်းထက်ရောက်လဲ
ရင်ထဲထိသူရှိဆဲကွယ်
အလွှဲသာ သူ့အသဲမှာဖြင့်
တစ်ပဲသာ သူ့မောင်ချစ်မှဖြင့်
တွေးတော့ဘူးကွယ်
ခံစားရလွန်းလို့..............
ခံစားရလွန်းလို့...ပါ
     ။



မောင်ရေခဲ

Share

Twitter Delicious Facebook Digg Stumbleupon Favorites More